ShopBack အကောင့်တစ်ခုဖွင့်ရန် ၀က်ဘ်ဆိုက် “www.shopback.co.th/signup” သို့မဟုတ် လက်ကိုင်ဖုန်းထဲမှ ShopBack အက်ပလီကေးရှင်းမှတဆင့် ကြိုက်နှစ်သက်ရာ ရွေးချယ်မှု ၂ ခုထဲကတစ်ခုဖြင့် စာရင်းသွင်းနိုင်သည်။
ShopBack အကောင့်တစ်ခုဖွင့်ရန်၊ အီးမေးလ်၊ Facebook သို့မဟုတ် Apple ID (iOS အသုံးပြုသူများအတွက်) ကိုအသုံးပြုနိုင်သည်။
- Website တွင်စာရင်းသွင်းရန် “www.shopback.co.th/signup”
- ShopBack Application အားအသုံးပြု၍ စာရင်းသွင်းရန် (ဖုန်းအမျိုးအစား - Android / iOS)
၁။ Play Store သို့မဟုတ် App Store မှ ShopBack Application ကိုဒေါင်းလုပ်ဆွဲပါ၊ အီးမေးလ်၊ Facebook သို့မဟုတ် Apple ID (iOS အသုံးပြုသူများအတွက်) ကြိုက်နှစ်သက်ရာတစ်ခု ကိုရွေးချယ်၍ ShopBack အကောင့်အတွက် စာရင်းသွင်းပါ။
မှတ်ချက်။ အကယ်၍ သင်သည် Facebookအကောင့် သို့မဟုတ် Apple ID မှတဆင့် sign up (စာရင်းသွင်း) ပြုလုပ်လျှင်၊ သင် sign up (စာရင်းသွင်း) လုပ်ရန်နှိပ်ပြီးသည်နှင့် ၎င်းသည်အခြားအချက်အလက်များကို မမေးမြန်းဘဲ ShopBack အကောင့်ကိုအပြီးသတ်ပြုလုပ်လိမ့်မည်။ ShopBack အကောင့်မှာ သင်၏ Facebook / Apple ID အချက်အလက်များပါဝင်လိမ့်မည်။
၂။ သင့်အား ShopBack account တစ်ခုဖန်တီးရန်ညွှန်ကြားလိမ့်မည်။ ကျေးဇူးပြု၍ အီးမေးလ်လိပ်စာထည့်ပါ။
၃။ သင်၏ အီးမေးလ်လိပ်စာ ကိုဖြည့်ပြီး "next" (ပြီးနောက်) ကိုနှိပ်ပါ။
၄။ ထို့နောက် သင်၏သတင်းအချက်အလက်ကိုဖြည့်စွက်ရန် ညွှန်ကြားလိမ့်မည်။ သင့်နာမည်နှင့် သင်၏တယ်လီဖုန်းနံပါတ် များပါဝင်လိမ့်မည်။
၅။ သင်၏အမည် နှင့် ဖုန်းနံပါတ်ကို ဖြည့်ပါ။ သင့်ဖုန်းနံပါတ်၏ ပထမဆုံးဂဏန်းတွင် 0 (သုည) မထည့်ပါနှင့်။
၆။ ပြီးခဲ့သည့်အဆင့်တွင် သင်မှတ်ပုံတင်ရန် အဓိကနံပါတ်အဖြစ်အသုံးပြုခဲ့သည့် သင်၏ဖုန်းနံပါတ်မှတစ်ဆင့် SMS မှ OTP စကားဝှက်ကိုသင်ရရှိမည်ဖြစ်သည်။ ကျေးဇူးပြု၍ ထိုအချိန်ကာလအတွင်း OTP စကားဝှက်ကိုဖြည့်ပါ။
၇။ သင်၏စကားဝှက် (password) ကိုသတ်မှတ်ခြင်း။ စကားဝှက်တွင် အင်္ဂလိပ်အက္ခရာနှင့်နံပါတ် အနည်းဆုံး ၈ လုံးပါ၀င်ရမည်။ ပြီးနောက် “Next" ကိုနှိပ်ပါ။
မှတ်ချက်။ ။ အကယ်၍ သင့်တွင်ရည်ညွှန်းချက်ကုဒ်ရှိပါက 'I Have a Referral Code' ကိုနှိပ်ပြီးသင်မှတ်ပုံတင်ခြင်းပြီးဆုံးရန် နောက်ဆုံးအဆင့်တွင် (“Next”) နောက်ကိုမနှိပ်မီ code ကိုထည့်သွင်းပါ။
၈။ စာရင်းသွင်းပြီးပါပြီ ။ သင်၏စျေးဝယ်ခြင်းကို ပျော်ရွှင်စွာ စတင်နိုင်ပါပြီ။
သတိပြုရန်။ ShopBack application ၏စာမျက်နှာအောက်ခြေတွင် ရွေးချယ်ရန်အတွက်နိုင်ငံများရှိသည်။ ကျေးဇူးပြု၍ "Thailand" ကိုရွေးပါ။
မှတ်စု။ သင်သည်ပြည်ပတွင်နေထိုင်ပါက၊ သင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်တွင် တိုင်းပြည်ကိုမှန်ကန်စွာရွေးချယ်ရမည်။ ကုန်သည်များကြောင့် စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များသည် ကွဲပြားခြားနားသောမူဝါဒများရှိသည်။ အကယ်၍ သင်သည်နိုင်ငံ ၂ နိုင်ငံတွင်နေထိုင်ပါကသင်အကောင့် ၂ ခု (နိုင်ငံတစ်နိုင်ငံလျှင် ၁ ခု) အတွက်စာရင်းသွင်းနိုင်သည်။ ဥပမာအားဖြင့် သင်သည်ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံတွင် နေထိုင်ပြီးကုန်ပစ္စည်းကို မလေးရှားနိုင်ငံရှိကုန်သည်တစ်ယောက်အနေဖြင့်ဝယ်လိုပါက မလေးရှား၏ နယ်ပယ်ကိုရယူရန် မလေးရှား ShopBack အကောင့်ကိုအသုံးပြုရမည်။ အကယ်၍ သင်သည်ကုန်ပစ္စည်း / ၀န်ဆောင်မှုကိုထိုင်းနိုင်ငံတွင် ၀ယ်လိုပါက Thailand ShopBack အကောင့်ဖြစ် ထိုင်းနိုင်ငံ၏စျေးဝယ်ခြင်းအတွက် အသုံးပြုရမည်။
သင် signup လုပ်ငန်းစဉ်ပြီးဆုံးလျှင်၊ စနစ်သည် ShopBack တွင်မှတ်ပုံတင်ထားသော သင်၏အီးမေးလ်သို့အတည်ပြုသည့်အီးမေးလ်ပို့လိမ့်မည်။ အတည်ပြုအီးမေးလ်ကိုသင်ရရှိပြီးပါက သင်၏အကောင့်ကို အတည်ပြုရန် အနီရောင်ခလုတ်ကိုနှိပ်ပါ။
