အဘယ်ကြောင့်ကျွန်ုပ်၏ ShopBack အကောင့်တွင် ပြန်အမ်းငွေအသစ် ပေါင်းထည့်မထားသနည်း။

အောက်ဖော်ပြပါ အကြောင်းပြချက်များကြောင့် သင်၏ငွေပြန်အမ်းခြင်း ပျောက်ဆုံးနေနိုင်သည်

၁။ သင်စျေးဝယ်ထွက်ခဲ့စဉ်က ShopBack Application မှစတင်စျေးဝယ်ယူခြင်း မပြုလုပ်မိခဲ့ခြင်းဖြစ်နိုင်သည်။ ကံမကောင်းစွာဖြင့် သင်အော်ဒါမတင်မှီ၊ ShopBack မှတဆင့် ရွေးချယ်ထားသောစတိုးသို့မသွားခဲ့ပါက သင့်အော်ဒါကိုပြန်လည်စစ်ဆေး၍မရနိုင်ပါ၊ ထို့ကြောင့်ငွေပြန်အမ်းမည်မဟုတ်ပါ။

၂။ ShopBack မှတစ်ဆင့်မှာ အော်ဒါတင်သောအခါ သင်သည် မိတ်ဖက်စတိုးဆိုင်၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များကို မလိုက်နာခဲ့ခြင်း ဖြစ်နိုင်သည်။

မိတ်ဖက်စတိုးဆိုင်တိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်မတူညီသော စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များရှိသည်။ သင်အော်ဒါတင်သောအခါ သင်သည် ၎င်းတို့ကိုလိုက်နာရန်ပျက်ကွက်ခဲ့ပါက ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်စတိုးဆိုင်များသည် ကျွန်ုပ်တို့အားကော်မရှင်တစ်ခုမှပေးမည်မဟုတ်သောကြောင့်သင်၏ ပြန်အမ်းငွေ ကိုသင်ရရှိမည်မဟုတ်ပါ။ မိတ်ဖက်စတိုးဆိုင်တစ်ဆိုင်စီ၏ စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကို ShopBack Store စာမျက်နှာများတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

၃။ သင်၏အော်ဒါများအား လွန်ခဲ့သော ၄၈ နာရီခန့်ကပြုလုပ်ခဲ့သည်။ သင်၏ငွေသားပြန်အမ်းခြင်းသည်သင်၏အကောင့်တွင် ၄၈ နာရီ (အချို့သောအခြေအနေများတွင်ပိုမိုကြာရှည်) ကြာမြင့်နိုင်သည်။ သင့်အားအောင်မြင်သော ပြန်အမ်းငွေရကြောင်း အကြောင်းကြားရန် အီးမေးလ်တစ်ခုပို့လိမ့်မည်။ တနည်းအားဖြင့်သင်သည် ShopBack အကောင့်ကို ၄၈ နာရီအကြာ “ Pending” (“ဆိုင်းငံ့”) အောက်တွင်ဝင်ရောက် စစ်ဆေးနိုင်သည်။

၄။ သင်၏အော်ဒါကို ဖျက်သိမ်းခြင်း၊ ပြန်လည်ပေးပို့ခြင်း၊ သို့မဟုတ် လဲလှယ်ခြင်းရှိခဲ့သည်။ ငွေပြန်အမ်းခြင်းသည်အောင်မြင်သော ငွေပေးချေခြင်းအတွက်သာဖြစ်ပြီး၊ ဖျက်သိမ်းခြင်း၊ ပြန်လည်ပေးပို့ခြင်း၊ သို့မဟုတ် လဲလှယ်ခြင်းအတွက် ငွေပြန်အမ်းမည်မဟုတ်ပါ။

၅။ သင်၏ဘရောင်ဇာများ၌ ကြော်ငြာပိတ်ဆို့ထားရမည့်ဆော့ဝဲလ်များ ပွင့်နေခဲ့ခြင်းဖြစ်နိုင်သည်။

၆။ ShopBack တွင်မဖော်ပြထားသော ကူပွန် သို့မဟုတ် ဘောက်ချာကုဒ်များကို သင်အသုံးပြုခဲ့သည်။

၇။ သင်၏ ဝယ်ယူမှုလုပ်ငန်းစဉ်မတိုင်မှီ (သို့) ကာလအတွင်း တတိယပါတီ၏ကမ်းလှမ်းမှု / ကြော်ငြာ link ကိုသင်နှိပ်ခဲ့သည်။

၈။ စျေးဝယ်ယူနေခဲ့စဉ်က ကြောငြာပိတ်ဆော့ဝဲလ်များ လုံးဝမပိတ်ခဲ့ခြင်း။

၉။ ဝယ်ယူမှုအတွက်အသုံးပြုသော URL ကိုကိုယ်တိုင်တည်းဖြတ်ခဲ့သည်။

Can’t find what you need? Reach out to us!

Shopback Help Center Footer Banner