ကျွန်ုပ်၏ ပြန်အမ်းငွေ ကိုဘယ်လိုထုတ်ယူနိုင်မလဲ။

ဘဏ်ငွေလွှဲကနေတဆင့် လုပ်ဆောင်နိုင်ပါတယ်။ သင်လုပ်ဆောင်ရန်လိုအပ်သည်မှာ သင်၏ကိုယ်ပိုင် လက်ရှိအသုံးပြုနေသည့်ဘဏ်စာအုပ်နံပါတ် (ဘဏ်ကဒ်နံပါတ်မဟုတ်ပါ) ကိုထည့်သွင်းပါ၊ ပြီးနောက်သင်၏ ShopBack အကောင့်တွင်သင်အတည်ပြုခဲ့သော ဘဏ်အကောင့်ကိုအတည်ပြုပြီးကြောင်း သေချာပါစေ။

သင်၏ ShopBack အကောင့် နှင့် ဘဏ်အတည်ပြုချက်ကို မည်သို့အတည်ပြုရမည်နည်းကိုပိုမိုသိရှိလိုပါက အောက်ပါအပိုင်းတွင်ရှာဖွေပါ။

ငွေထုတ်ဖို့ တောင်းဆိုရန် သင့်၏ ShopBack အကောင့်တွင် အနည်းဆုံး ဘတ် ၁၅၀ သို့မဟုတ် ထိုထက်ပိုသောပြန်အမ်းငွေကို သင်ထုတ်ယူနိုင်ရန် သေချာစေရမည်။ အောက်တွင်ဖော်ပြထားသော အဆင့်များအတိုင်းလုပ်ဆောင်ပါ။

၁။ ‘Human icon' ကို နှိပ်၍ 'Withdraw Money' ကိုရွေးပါ။

၂။ သင်၏ ငွေထုတ်ယူခြင်းနည်းလမ်းကို ရွေးချယ်ပါ (သင်လွှဲပြောင်းငွေလက်ခံ ရရှိလိုသည့်ဘဏ်အကောင့်)

၃။ သင် ShopBack အကောင့်မှထုတ်ယူလိုသည့် ပြန်အမ်းငွေသားပမာဏ (အနည်းဆုံး ဘတ် ၁၅၀) ကိုထည့်ပါ။

၄။ Pop-up message တစ်ခုသင်ရရှိလိမ့်မည်။ 'အတည်ပြုနံပါတ်သည် ဤဖုန်းနံပါတ်သို့ +66XXXXXXXXX' သို့ရောက်လိမ့်မည်' အတည်ပြုချက်ကုဒ် (OTP ကုဒ်) ကို SMS မှတစ်ဆင့်ပေးပို့ပြီး ကုဒ်ကိုရိုက်ထည့်ပြီး အတည်ပြုရန်နှိပ်သည့် အချိန်အထိစောင့်ပါ။

ပြီးနောက်၊ ပုံမှန်အလုပ်လုပ်ရက် ၃-၅ ရက်အတွင်း တောင်းခံသည့် ပမာဏကိုလက်ခံရရှိလိမ့်မည်။

သင်၏ ငွေထုတ်ယူမှုကိုဆောင်ရွက်ရန် ဤ link “https://www.shopback.co.th/payment” ကိုနှိပ်ပါ။

မှတ်ချက်။ သင်၏ ShopBack အကောင့်မှ ၂၄ နာရီအတွင်း ဘတ် ၇၅၀၀ ကိုသာထုတ်ယူခွင့်ရှိသည်။

 

Can’t find what you need? Reach out to us!

Shopback Help Center Footer Banner